SFSP60 စီးရီး ချန်ပီယံ ကြိတ်ခွဲစက်
၎င်းစီးရီး ကျိန့်ချန်း ချန်ပီယံ ကြိတ်ခွဲစက်သည် အတောင့်ပုံစံ အစာအမျ...
၎င်းစီးရီး ကျိန့်ချန်း ချန်ပီယံ ကြိတ်ခွဲစက်သည် အတောင့်ပုံစံ အစာအမျိုးမျိုး ဥပမာ။ ပြောင်း၊ မုယောစပါး၊
ဂျုံ၊ ပဲ၊ ကြေကွဲပြီးသား ဘီးစကစ်များ စသည်တို့ကို ကြိတ်ခွဲနိုင်သည်။ cellulose ကုန်ကြမ်း၊ ရေဓာတ်ပါ
ဝင်မှုများ၊ ဆီပါဝင်နှုန်း များသော ကုန်ကြမ်းနှင့် ကြိတ်ခွဲစာအသေးများအတွက် အထူးဒီဇိုင်းထားသည်။
အထူးသဖြင့် ငါးခြောက်၊ ဝါဂွမ်း၊ ပုဇွန်အခွံ၊ ပဲခွံ၊ တရုတ်တိုင်းရင်းဆေးမြစ်များ ကြိတ်ခွဲရာတွင် သင့်လျှော်
သည်။ တိရိစ္ဆာန်အစာစက်ရုံ အမှုန့်လုပ်ငန်းတွင် မရှိမဖြစ်သော ကိရိယာဖြစ်သည်။ စက်ရုံ ၁ခုလုံး၏
ထုတ်လုပ်မှုတွင် ကြိတ်ခွဲစက်၏ စွမ်းအင်သုံးစွဲမှုသည် စက်ရုံ ၁ခုလုံး စွမ်းအင်သုံးစွဲမှု ၏ 30-40% အထိ
ရှိသည်။ ထို့ကြောင့် ကြိတ်ခွဲစက်၏ စွမ်းဆေင်ရည်ကို မြှင့်တင်ခြင်းသည် စက်ရုံ ၁ခုလုံး၏ ထုတ်လုပ်မှု
တန်ချိန် သုံးစွဲသော ဓာတ်အားယူနစ်ကို တိုက်ရိုက်လျှော့ချနိုင်သည်။ 40% နှင့်တွက်မည်ဆိုပါက ကြိတ်
ခွဲစက်၏ ထုတ်လုပ်နှုန်း 30% မြင့်တက်လာလျှင် စက်ရုံ ၁ခုလုံး၏ ဓာတ်အားသုံးစွဲမှု 12%လျှော့ကျမည်။
ထို့ကြောင့် ကုမ္ပဏီအတွက် ကြီးမားသော စီးပွားရေးရလဒ် ရှိမည်။
ငါးစာ ရောနှောစာကို ဒုတိယအကြိမ် သေးအောင် ကြိတ်ခွဲသော စွမ်းဆောင်ရည် 30%အထက် မြင့်
တက်
ပြောင်းဖူးအစာ တိုက်ရိုက်သေးအောင် ကြိတ်ခွဲသော စွမ်းဆောင်ရည် 30%အထက် မြင့်တက်
ပိုမိုမြင့်မားသော ကာစတန်မာ တန်ဖိုးကို ဖော်ဆောင်ပေးသည်။
ဖန်ရှင် ထူးခြားချက်
၁။ ကြိတ်ခွဲခန်းများ ပေါင်းစပ်ဖွဲ့စည်းထားသည်။ တူပြား၊ ဆန်ခါပြား၏ သုံးစွဲသော သက်တမ်း များစွာ မြင့်
တက်လာသည်။ အထူးသဖြင့် အပေါက်သေးဆန်ခါပြား၏ သုံးစွဲမှုသက်တမ်းကို ထင်ရှားစွာ မြှင့်တင်ပေး
သည်။
၂။ rotor ပေါင်းချုပ် သည် ဆန်သစ်ပြီး rotor ကို ပိုမိုတည်ငြိမ်စွာ လည်ပတ်စေသည်။ တူပြား ပွန်းပဲ့သွား
သော်လည်း ငြိမ်သက်စွာ ဆက်လက်လည်ပတ်နိုင်သည်။ ကြိတ်ခွဲခန်းအပူချိန် ပိုနိမ့်သည်။
၃။ ပင်မစက် ၁ခုလုံးကို လူသားဆန်ဆန်ဒီဇိုင်းထားသည်။ ထိန်းချုပ်ရလွယ်ကူပြီး ဆူညံသံ ပိုတိုးသည်။
၎။ ကြိတ်ခွဲခန်းကို သဘာဝကျစွာ ဒီဇိုင်းထားသောကြောင့် အစာ၏ ဆန်ခါစစ်နှုန်းကို ပိုမြင့်စေသည်။
၅။ ဆန်ခါဖိ အပိုင်းကို ပိုမိုကောင်းအောင်ပြုပြင်ထားသောကြောင့် ဆန်ခါပြား ဖြုတ်တပ်ရာတွင် ပိုမိုဘေး
ကင်းပြီး ယုံကြည်အားထားရသည်။
၆။ အကြမ်းနှင့် အသေး ၂မျိုးကြိတ်ခွဲနိုင်သည်။ ကြိတ်ခွဲမှု စွမ်းဆောင်ရည်ကို တိုးမြင့်စေသည်။
၇။ ကြိတ်ခွဲဝန်သယ်ခြင်းကို ထိန်းချုပ်သော ကိရိယာ ပူးတွဲပါရှိသည်။ ဝန်လျှပ်စစ်စီးကြောင်းနှင့် အစာ
ထည့်ပမာဏကို အလုံပိတ်ထိန်းချုပ်နိုင်သည်။ ကြိတ်ခွဲမှု စွမ်းဆောင်ရည်ကို တိုးမြင့်ပြီး ကိရိယာ ဝန်ပို
ခြင်းကို ကာကွယ်သည်။
၈။ ပင်မမော်တာနှင့် pulse ပန်ကာ၊ pulse လျှပ်စစ်သံလိုက်ဘား၏ အချိန်ကြံ့ကြာ အလုံပိတ်သော့ခတ်
ထိန်းချုပ်ခြင်းသည် ပင်မမော်တာ၊ pulse ပန်ကာတို့က မီးပြတ်သွားသော်လည်း လျှပ်စစ်သံလိုက်ဘား
ဆက်လက်အလုပ်လုပ်နိုင်အောင် အာမခံပေးသည်။ ဖုန်မှုန့်များ ပိတ်စအိတ်ပေါ်တွင် ကပ်နေခြင်းကို
လျှော့ချပေးပြီး pulse ပိတ်စအိတ်၏ လေဝင်လေထွက်ကို အာမခံပေးသည်။
၉။ pulse ပိတ်စအိတ် ပိတ်ဆို့လျှင် သတိပေးခြင်းက ကြိတ်ခွဲခန်း၏ သတ်မှတ်ဝန်အတိုင်း လည်ပတ်နိုင်
ခြင်းကို အာမခံပေးသည်။ ပင်မ bearing အပူချိန် သတိပေးစနစ် ရှိခြင်းကလည်း ပင်မ Transmission
၏ ဆက်လက်လည်ပတ်သော တည်ငြိမ်မှုကို မြှင့်တင်ပေးသည်။
မော်ဒယ | SFSP60*30E | SFSP60*38E | SFSP60*50E | SFSP60*60E | SFSP60*75E | SFSP60*100E | ||||||
ပါဝါ (KW) | 30 | 37 | 45 | 55 | 55 | 75 | 75 | 90 | 90 | 110 | 110 | 132 |
ထုတ်လုပ်နှုန်း(T) | 5-6 | 6-8 | 7-10 | 8-11 | 9-12 | 12-15 | 13-16 | 15-18 | 16-20 | 18-22 | 19-24 | 22-28 |